မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် မေ ၂၄
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ 
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှုပိုမိုတိုးတက်စေရေးအတွက် ကုန်သွယ်မှုတွင် ဘင်္ဂလားဒေ့ရှ် တာကာ/မြန်မာကျပ်တို့နှင့် တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုကို အထောက်အကူပြုသည့် ဘဏ်လုပ်ငန်းကဏ္ဍအား ထပ်မံ အဆင့်မြှင့်တင်ဆောင်ရွက်ရန်တို့အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
သတင်းစဉ်