မြန်မာ့မီးရထားတိုင်း(၄) သာစည်ဘူတာ၌ လက်မှတ်စာရေးချုပ် ငွေကျပ် ၂၆၅ သိန်း အလွဲသုံးစား ပြုလုပ်ပြီး ထွက်ပြေးတိမ်းရှောင်နေ

မြန်မာ့မီးရထားတိုင်း(၄) သာစည်ဘူတာ၌ ငွေကျပ်(၂၆၅)သိန်းကျပ်ကို အလွဲသုံးထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်  ၎င်းအား သာစည်ရဲစခန်းတွင် သာစည်ဘူတာရုံပိုင်ချုပ် ဦးရဲလွင်မှ တရားလိုပြုလုပ်ကာ ဒီဇင်ဘာ ၁၀ ရက်က သာစည်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

 

သာစည်မြို့ မီးရထားရပ်ကွက်နေ ဇော်မိုးဝင်း ၃၅ နှစ် သည် မြန်မာ့မီးရထား ဘဏ္ဍာရေးဌာန၏ စစ်ဆေးပေါ်ပေါက်မှုကြောင့် ဒီဇင်ဘာ ၈ ရက်နေ့က ငွေကြေးကွာဟနေကြောင်း ဇော်မိုးဝင်းအား အကြောင်းကြားသည့် အချိန်မှစ၍ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

 

ထွန်းလှိုင်(မြိုင်)