မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition) အခမ်းအနားတွင် ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်စကား

နေပြည်တော် ၁၃ ဒီဇင်ဘာ

 

အဆိုပါ ကာလတစ်လျှောက်တွင် မြန်မာနိုင်ငံ၏အရေးကိစ္စကို အိမ်နီးချင်း တိုင်းပြည် များအပါအဝင် နိုင်ငံတကာကလည်း စိတ်ပါဝင်စားစွာ စောင့်ကြည့်ခဲ့ကြ ပါကြောင်း၊ မြန်မာနိုင်ငံ သည် ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာကအသိအမှတ်ပြုခဲ့ပါ ကြောင်း။

 

ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ ကူးပြောင်းသည့် လမ်းကြောင်း ပေါ်တွင် ရောက်ရှိနေပြီဟု အများက ရှုမြင်ထားကြပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း ဘယ် အတိုင်းအတာအထိ ရောက်ရှိပြီလဲ၊ ဘယ်လောက်ခရီးပေါက်ခဲ့ပြီလဲဆိုသည့်အချက်နှင့် ပတ်သက် ၍ ရှုမြင်ချက်များစွာ ကွဲပြားခြားနားလျက် ရှိနေပါကြောင်း။

 

တချို့က ဒီမိုကရေစီခရီးအစတွင် ရှိနေသေးသည်ဟု ရှုမြင်သူများက ရှုမြင်ကြပြီး တချို့က ခရီး တစ်ဝက်လောက် ရောက်နေပြီ၊ ကူးပြောင်းမှုဖြစ်စဉ် အခြေကျနေပြီဟု ရှုမြင်သူများလည်း ရှိပါကြောင်း၊ အလားတူ တချို့က ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည်၊ အစိုးရသည် လည်း ဒီမိုကရေစီ အစိုးရဖြစ်သည်ဟု သတ်မှတ်ပြီး ဒီမိုကရေစီအစိုးရဆိုလျှင် ဘာတွေရှိရ လိမ့်မည်၊ ဘယ်လိုတွေဖြစ်ရ လိမ့်မည်ဆိုပြီး လိုလားချက်များကို တောင်းဆိုနေကြတာ ရှိပါ ကြောင်း။

 

သို့သော် တစ်ဖက်တွင် ကမ္ဘာ့ နိုင်ငံ များကို ဒီမိုကရေစီအညွှန်းကိန်းများနှင့် တိုင်းတာပြီး အဆင့်အတန်း ခွဲခြား သတ်မှတ်သည့် Democracy Indexလို စာရင်းတွင် Hybrid Regimes ဒီမိုကရေစီ တစ်ဝက်တစ်ပျက် နိုင်ငံ အဆင့်တွင်သာ ရှိသေးသည်ဟု သတ်မှတ်ထားသည်ကို တွေ့ရပါကြောင်း။

 

ထို့ကြောင့် ယခုဆွေးနွေးပွဲတွင် မြန်မာ့အခြေအနေကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ သတင်းမီဒီယာများ အခန်းကဏ္ဍအပါအဝင် ဘက်စုံ ထောင့်စုံက ဝေဖန် သုံးသပ်ပြီး ဒီမိုကရေစီကူး ပြောင်းမှုဖြစ်စဉ်တွင် ယနေ့ မြန်မာနိုင်ငံ ရောက်ရှိနေသည့်နေရာနှင့် စပ်လျဉ်း၍ အများသိသာမြင်သာသည့်၊ ရှင်းလင်း ပီပြင်သည့် ပုံကားချပ်တစ်ခု ထုတ်ဖော် နိုင်မည်ဟု ယုံကြည် ယူဆပါကြောင်း၊ ထို့အတူ ရှေ့ဆက်သွားရမည့် ခရီးလမ်းနှင့် ရှေ့တွင် ကြုံတွေ့ရမည့် ပြဿနာများ၊ ဖြေရှင်း ကျော်လွှားရန် နည်းလမ်းများကို အကြံပြုနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါ ကြောင်း။

 

မြန်မာ့နိုင်ငံရေး အကူးအပြောင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာတွင်ရှိသည့် မြန်မာ့အရေး လေ့လာသူများ၊ လေ့လာ ရေးဌာနများက နိုင်ငံရပ်ခြားတွင် သုံးသပ်ဆွေးနွေးပွဲများကို စောစီးစွာ ကျင်းပခဲ့ကြ ပြီးဖြစ်ပါကြောင်း၊ ဒီမိုကရေစီကူးပြောင်းရေးအတွက် အားထုတ်ကြိုးပမ်းနေကြ သူများက ကမကထပြု၍ နိုင်ငံ အတွင်း၌ ယခုခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပခြင်းမှာ ယခု အကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပါ ကြောင်း။

 

ခုဆွေးနွေးပွဲတွင်ပါဝင်နိုင်ရန် ပြည်တွင်းပြည်ပပုဂ္ဂိုလ်များအားဖိတ်ကြားထားပါကြောင်း၊ ဖိတ်ကြားခံရ သူများထဲတွင် နိုင်ငံရေးသိပ္ပံပညာရှင်များ၊ သုတေသီများ၊ စိစစ်ဝေဖန်သူများနှင့် နိုင်ငံရေးနယ်ပယ်၌ လက်ရှိ လုပ်ကိုင် ဆောင်ရွက်နေကြသူများ၊ ပြည်ပတိုင်းပြည်များ၏ ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်တွင် ပါဝင်ဆောင် ရွက်ခဲ့ဖူးကြသည့် အတွေ့အကြုံရှိသူများ ပါဝင် ပါ ကြောင်း။

 

ယခုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်နေသည့် သံတမန်များပါဝင်သည့် စကားဝိုင်းကိုလည်း စီစဉ်ထားပါကြောင်း၊ ဆွေးနွေးကြမည့် ပုဂ္ဂိုလ်များတွင် မတူညီသည့် အယူအဆအမျိုးမျိုးနှင့် ရှုထောင့်အဖုံဖုံ ရှိနေနိုင်ပါကြောင်း၊ သုံးရက်ကြာ ဆွေးနွေးပွဲမှထွက်ပေါ် လာမည့် သုံးသပ်ချက်များ၊ ဝေဖန်အကြံပြုချက် များမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် ချောမွေ့အောင်မြင်ရေးအတွက် ကောင်းစွာ အထောက် အပံ့ပြုနိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း ပြောကြားသည်။