မြန်မာ ယူ-၂၂ အသင်းကို ပဏာမကစားသမား ၂၈ ဦးဖြင့် စတင်ဖွဲ့စည်း

ရန်ကုန် ၂၉ ဇန်နဝါရီ

 

ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် ၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၂ အသင်းကို ပဏာမကစားသမား ၂၈ ဦးဖြင့် စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းတွင် နည်းပြချုပ်- ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ-ဦးချစ်နိုင်၊ ဦးစိုးမြတ်မင်း၊ ကြံ့ခိုင်ရေးနည်းပြ- ဟွမ်ရိုမန်၊ ဂိုးနည်းပြ- ဦးအောင်ကျော်ကျော်၊ အားကစားသမားများအဖြစ် ဂိုး-ဘုန်းသစ္စာမင်း (ရှမ်း)၊ ဆန်းဆက်နိုင် (ရန်ကုန်)၊ စိုးအာကာ (မကွေး)၊ ထွန်းနန္ဒဦး (မြဝတီ)၊ နောက်တန်း- ဝင်းမိုးကျော် (မကွေး)၊ စိုးမိုးကျော် (ဧရာဝတီ)၊ အောင်ဝဏ္ဏစိုး (ဇွဲကပင်)၊ ရဲရင့်အောင် (ရတနာပုံ)၊ ထူးခန့်လွင်၊ သူရိန်စိုး (ရန်ကုန်)၊ ရဲမင်းသူ (ရှမ်း)၊ ဇင်ရဲနိုင် (အား/ကာသိပ္ပံ)၊ ဟိန်းဖြိုးဝင်း (ရှမ်း)၊ အလယ်တန်း- နန်းထိုက်ဇော်၊ လွင်မိုးအောင် (ဧရာဝတီ)၊ ဇေယျာနိုင်၊ မြတ်ထွန်းသစ်၊ ဇင်မင်းထွန်း (မကွေး)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း (ရတနာပုံ)၊ ဇွဲသက်ပိုင် (ရှမ်း)၊ အောင်ကိုဦး၊ ဇော်ဝင်းသိန်း (MFF ယူ-၁၉)၊ ရှေ့တန်း- ဝင်းနိုင်ထွန်း (ရတနာပုံ)၊ ထက်ဖြိုးဝေ (ရှမ်း)၊ ဟိန်းထက်အောင် (ဟံသာဝတီ)၊ ကောင်းထက်စိုး၊ လွှမ်းမိုးဦး (ရန်ကုန်) တို့ ပါဝင်ကြသည်။

 

ယခုလူစာရင်းမှာ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်သစ် ပိုပေါ့ဗ်လက်ထက် ပထမဆုံးထုတ်ပြန်သည့် လူစာရင်းလည်းဖြစ်သည်။ ပိုပေါ့ဗ်သည် ကစားသမားများရွေးချယ်ရန် ပြည်တွင်းလိဂ်ပွဲများဖြစ်သည့် လူငယ်ပြိုင်ပွဲအပါအဝင် လိဂ်အားလုံးနီးပါး လိုက်လံကြည့်ရှုကာ အလားအလာရှိသည့် ကစားသမားအချို့ကိုပါ ရွေးချယ်ထားသည်။

 

ယခုဖွဲ့စည်းလိုက်သည့် ပဏာမလူစာရင်းတွင် ၂၀၁၈ ခုနှစ်က မြန်မာ ယူ-၂၂ အသင်းတွင် အမာခံကစားသမားများအဖြစ် ပါဝင်ကစားခဲ့သည့် ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊ ဆန်းဆက်နိုင်၊ ဘုန်းသစ္စာမင်း၊ လွင်မိုးအောင်၊ ဟိန်းထက်အောင်၊ စိုးမိုးကျော်နှင့် ဝင်းမိုးကျော် စသည့် ကစားသမားများ ပြန်လည်ပါဝင်လာသည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ဖေဖော်ဝါရီ ၄ ရက်တွင် စခန်းဝင်လေ့ကျင့်မှုစတင်ပြုလုပ်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်