မြန်မာ ယူ-၂၂ အသင်း အိုမန်၊ ကာတာတို့နှင့်ခြေစမ်းရန် ထွက်ခွာ

၅ ဇန်နဝါရီ

မြန်မာ ယူ-၂၂ အသင်းသည် အရှေ့အလယ်ပိုင်းအသင်းများဖြစ်သည့် အိုမန်၊ ကာတာ ယူ-၂၂ အသင်းတို့နှင့် ခြေစမ်းရန် ယနေ့နံနက်ပိုင်းက အိုမန်နိုင်ငံသို့ ထွက်ခွာသွားသည်။

မြန်မာ ယူ-၂၂ အသင်းသည် အိုမန် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်သောကြောင့် အိုမန်နိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။  မြန်မာ ယူ-၂၂ အသင်းတွင် အဖွဲ့ခေါင်းဆောင်- ဦးကိုကိုသိန်း၊ နည်းပြချုပ် - ဦးကြည်လွင်၊ လက်ထောက်နည်းပြ - ဦးချစ်နိုင်၊ ဦးကျော်လွင်၊ ကစားသမားများအဖြစ် ဂိုး - ဘုန်းသစ္စာမင်း၊ စိုးအာကာ၊ နောက်တန်း - စိုးမိုးကျော်၊ ဝင်းမိုးကျော်၊ ရဲရင့်အောင်၊ ဇွဲထက်မင်း၊ သက်ပိုင်ထွေး၊ အောင်ဝဏ္ဏစိုး၊ ဇင်ရဲနောင်၊ ကျော်သူထွန်း၊  အလယ်တန်း - မြတ်ကောင်းခန့်၊ မင်းကိုကို၊ လွင်မိုးအောင်၊ နန်းထိုက်ဇော်၊ စိုးလွင်လွင်၊ ဟိန်းထက်အောင်၊ ရှေ့တန်း - ဝင်းနိုင်ထွန်း၊ ဇင်မင်းထွန်း၊ ချမ်းငြိမ်း၊ ထက်ဖြိုးဝေတို့ ပါဝင်ကြသည်။

မြန်မာ ယူ-၂၂ အသင်းသည် ဖေဖော်ဝါရီတွင် ယှဉ်ပြိုင်ရမည့် ၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ဇန်နဝါရီ ၇ ရက်တွင် အိုမန် ယူ-၂၂ အသင်း၊ ဇန်နဝါရီ ၁၀ ရက်တွင် ကာတာ ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ယင်းခရီးစဉ်အတွက် ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယရခဲ့သည့်အသင်းကို အခြေခံကာ ၂၀၁၈ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းမှ အသက်မီသည့် ကစားသမားများဖြင့် ပေါင်းစပ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ညီမြတ်သော်တာ