မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေမိုင်နှစ်ဖက်ညှိနှိုင်း လှည့်ကင်းဆောင်ရွက်

နေပြည်တော်  ၂၅  ဇန်နဝါရီ 


မောင်တောမြို့၊ နယ်မြေ(၆)၊ အမှတ်(၄)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ပြင်ဖြူနယ်မြေရုံးမှ ယာယီရဲမှူး မြင့်ဌေး ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် Teknaf ကင်းစခန်းမှ Subedar Md. Ibrahim Hossain ဦးဆောင်သည့် အဖွဲ့များသည် ယမန်နေ့ နံနက်ပိုင်းကရေယာဉ်များဖြင့် ကညင်ချောင်း ချောင်းဝထိပ် နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၅)မှ မင်္ဂလာကြီးချောင်းဝအနီး ရေမိုင်အမှတ်(၈)ထိ နတ်မြစ်ကြောင်းအတိုင်း ရေမိုင်နှစ်ဖက်ညှိနှိုင်း ကင်းလှည့်ခဲ့ပြီး နှစ်ဖက်ညှိနှိုင်း ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။ 


MDN

Related Articles