မင်းလှမြို့နယ် စက်မှုလယ်ယာစခန်း၌ စပါးတင်း(၅၀၀)ဆံ့ အခြောက်ခံစက် သရုပ်ပြပွဲကျင်းပ

မင်းလှ အောက်တိုဘာ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၂၇)စက်မူလယ်ယာစခန်း၌ တည်ဆောက်ထားသည့် စပါးတင်း (၅၀၀)ဆံ့ အခြောက်ခံစက် သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သရုပ်ပြပွဲတွင် ခရိုင်စက်မူလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသန့်က စပါးအထွက်နှုန်းကောင်းရရှိရန် စနတ်တကျရိတ်သိမ်းပြီး အခြောက်ခံစက်၌ စပါးအခြောက်ခံလျှင် အရည်အသွေးပြည့်ဝသည့် စပါးမျိုးများရရှိနိုင်ကြောင်း ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က အရည်အသွေးပြည့်ဝသည့် စပါးမျိုးများကိုသာ ရွေးချယ်စိုက်ပျိုးထုတ်လုပ် ကြရန် ပြောကြားသည်။

ထို့နောက် မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးအောင်အောင်ခန့်က ဒေသခံတောင်သူများ၏ ရာသီဥတုကြောင့် စပါးပျက်စီးမှုကို ကာကွယ်ရန်၊ သိုလှောင်ထိန်းသိမ်းရာတွင် ပျက်စီး ဆုံးရှုံးမှုနည်းပါးစေရန်၊ မျိုးကောင်းမျိုးသန့်များ ရရှိစေရန်၊ ဈေးကွက်ကျဆင်းမှုကို ထိန်းချုပ်နိုင်ရန် အတွက် သရုပ်ပြပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် စပါးအခြောက်ခံစက် အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြား၍ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။

အဆိုပါသရုပ်ပြပွဲကို တောင်သူဦးကျော်ကျော်(ပေပင်တန်းကျေးရွာ) ၏ မျိုးထုတ်မျိုးစပါး (ဆင်းသုခ) တင်း ၄၈၀ ဖြင့်ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ (၅၀)ဦးခန့် တတ်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)