မင်းလှမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

အထက်မင်းလှ ဒီဇင်ဘာ ၅

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၊ ခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် “အမျိုး‌သားနေ့ တို့မ‌မေ့” ခေါင်းစဥ်ဖြင့် စာစီကုံးပြိုင်ပွဲ ပြုလုပ်ရာ ကျောင်းသား ကျောင်းသူ ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၃)နှစ်မြောက် အမျိူသားအောင်ပွဲနေ့အကြောင်း အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။

 

ဇာဇာ(အထက်မင်းလှ)