နေပြည်တော် ၁၂ ဇူလိုင်
မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသား ကျောင်းသူများ ခြင်အန္တရာယ် ကင်းရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် အခြားကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းအမှတ် - ၁ အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း အမှိုက်များ၊ သစ်ပင်ခြုံနွယ်များ ရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်းတို့ကို ယနေ့ နံနက် ၈ နာရီက မင်းကင်းမြို့နယ် မြို့မစခန်းမှူး ဒုတိယရဲမှူး ဇော်ဝင်းကျော်နှင့် တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား