မြင်းခြံသံမဏိစက်ရုံအနီး ၉၀ မဂ္ဂါဝပ်ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ၃  မတ် 

 

နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံသံမဏိစက်ရုံအနီးတွင် ဟောင်ကောင်အခြေစိုက် ကုမ္ပဏီဖြစ်သော VPower Holdings Limited နှင့်၎င်းတို့၏ Local Partner ဖြစ်သော Zeya & Associates Co., Ltd ကIndependent Power Producer (IPP), Build - Operate-Own (BOO) စနစ်ဖြင့် အကောင် ထည်ဖော် တည်ဆောက်ခဲ့သည့် ၉၀ မဂ္ဂါဝပ်ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် အဆိုပါဓာတ်အားပေးစက်ရုံ၌ ကျင်းပသည်။

 

ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြင်းခြံ ၉၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံစီမံကိန်းသည် ပြည်တွင်းထွက်သဘာဝဓာတ်ငွေ့ဖြစ်သော ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ တစ်ရက်ကုဗပေ၂၀သန်းကိုအသုံးပြု၍ ယခုနှစ်နွေရာသီတွင် တိုးတက်သုံးစွဲလာမည့်နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုအချိန်တိုအတွင်းဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍၂၀၁၈ခုနှစ်၊ဇန်နဝါရီမှစတင်၍International Competitive Tender စနစ်ဖြင့်တင်ဒါခေါ်ဆို၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊တင်ဒါအောင်မြင်သည့် ဟောင်ကောင်အခြေစိုက် ကုမ္ပဏီဖြစ်သောVPower Holdings Limited နှင့်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းတို့အကြား ၅နှစ် တဆက်တစပ် တည်းဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း။

 

CU9A0

 

ဓာတ်အားပေးစက်ရုံ၏စက်တပ်ဆင်အင်အားမှာContainerizedHigh Speed ၁ ဒသမ ၅၆ မဂ္ဂါဝပ်ဓာတ်ငွေ့အင်ဂျင်အသစ် ၇၀လုံးဖြင့်စုစုပေါင်း ၁၀၉ ဒသမ ၂မဂ္ဂါဝပ်ဖြစ်ပြီး၊ နွေရာသီတွင် ၉၀ မဂ္ဂါဝပ်နှင့် မိုးရာသီတွင်၄၅မဂ္ဂါဝပ်ဓာတ်အားထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း၊ မြင်းခြံ ၉၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံတွင် ဓာတ်ငွေ့အင်ဂျင်များ၏စွန့်ပစ်အပူဖြင့်ဓာတ်အားထုတ်မည့် Organic Rankine Cycle (ORC) နည်းပညာကို အသုံးပြု၍ဓာတ်ငွေ့အင်ဂျင်စက်များ၏စက်စွမ်းရည် (Efficiency) ကို၂ရာခိုင်နှုန်းထိ မြှင့်တင်ထား သောကြောင့် ဓာတ်ငွေ့စားနှုန်းလျော့ကျသွားပါကြောင်း၊စမ်းသပ်မောင်းနှင်ခြင်းလုပ်ငန်းများအောင်မြင်စွာဆောင်ရွက်ခဲ့ပြီးနောက်ဓာတ်အားပေးစက်ရုံကို၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက် မှစတင်၍စီးပွားဖြစ်ဓာတ်အား ထုတ်မောင်းနှင် ခဲ့ပြီးလက်ရှိ အချိန်အတွင်၉၀မဂ္ဂါဝပ်ဓာတ်အားထုတ်ပေးလျက်ရှိပါကြောင်း၊၎င်းဓာတ်အားပေးစက်ရုံမှဓာတ်အားကိုမြင်းခြံ ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံမှတဆင့်မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊နွားထိုးကြီးမြို့နယ်နှင့် ပုဂံညောင်ဦးမြို့နယ်များရှိ အများပြည်သူများနှင့်စက်မှုလက်မှုလုပ်ငန်းများသို့လည်းကောင်း၊မြင်းခြံခရိုင်အတွင်းရှိမြစ်ရေတင်စီမံကိန်းများနှင့်မြို့သာစက်မှုဇုန်သို့လည်းကောင်းဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ထို့အပြင်နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားထုတ်လုပ်သည့်စက်ရုံဖြစ်သောကြောင့် ဓာတ်အားစနစ်မှဓာတ်အားရရှိသည့်ဒေသများမှ ပြည်သူ များအကျိုးမျှဝေခံစားရမည်ဖြစ်၍နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်တစ်ဖက်တစ်လမ်းမှအထောက်အကူပြုလျက်ရှိပါကြောင်းနှင့်ပြည်တွင်းထွက်ရွှေကမ်းလွန်ဓာတ်ငွေ့ကိုအသုံးပြု၍ကျောက်ဖြူ၊မြင်းခြံနှင့်ကျောက်ဆည်ဒေသများတွင်ဓာတ်အားထုတ်လုပ်လျက်ရှိရာယနေ့ဖွင့်လှစ်သော၉၀မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံကိုထည့်သွင်းတွက်ချက်ပါကမြင်းခြံဒေသတွင်ရွှေကမ်းလွန်ဓာတ်ငွေ့ဖြင့်စုစုပေါင်းဓာတ်အားပမာဏ၃၈၂မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီဖြစ်သောကြောင့်မြန်မာနိုင်ငံ၏အချက်အချာကျသောဓာတ်အားထုတ်လုပ်ရာဒေသဖြစ်လာပြီဖြစ်ကြောင်း၊ 

 

CU9A0

 

ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံးသည် လျှပ်စစ်ဓာတ်အား ဖြစ်သည်နှင့် အညီနိုင်ငံတော် အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားတိုးတက် ရရှိလာ သည်နှင့်အမျှစီးပွားရေး၊ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအစရှိသည့် ကဏ္ဍအားလုံးဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့်ဝန်ကြီးဌာန၏ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်းအားသွန်ခွန်စိုက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ၉၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားနှင့်ပတ်သက်၍အမှာစကားပြောကြားခဲ့ပြီးVPowerHoldings Limited ကဓာတ်အားပေးစက်ရုံစီမံကိန်းလုပ်ငန်းဆောင်ရွက်ခဲ့မှု ဗွီဒီယိုရုပ်သံမှတ်တမ်းအား ပြသခဲ့ကာမြင်းခြံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက်၉၀မဂ္ဂါဝပ်ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံကို ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ မန္တလေးတိုင်းဒေသကြီး စက်မှု၊စွမ်းအင်နှင့်လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊မြင်းခြံမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိန်မြင့်နှင့် မြင်းခြံမြို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်မျိုးလတ်၊VPower Holdings Limited ၏ Co-Chief Executive Officer၊ Mr. Au-Yeung Tai Hong Rorceနှင့် Zeya & Associates Co., Ltd ၏ Chief Executive Officer ဦးဇေယျသူရမွန်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက်ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်နှင့်မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦး တို့မှ ဓာတ်ငွေ့အင်ဂျင်စက်ကို စက်ခလုပ်နှိပ်၍မောင်းနှင်ပေးခဲ့ပြီးဓာတ်အားပေးစက်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ(၂)ရက် ၊ညနေပိုင်းတွင်မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရွှေစာရံပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာတာဝန်ရှိသူများမှ ၂၃၀/၃၃/၁၁ ကေဗွီ ၁၀ဝအမ်ဗွီအေထရန်စဖော်မာ တိုးချဲ့တည်ဆောက်ခြင်း နှင့် ဒေသတွင်း အကြီးစားစက်မှု လုပ်ငန်းတွင် အသုံးပြုရန် ၂၃၀/၃၃/၁၁ကေဗွီ ၊ ၁၅၀အမ်ဗွီအေ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ တို့ကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအားမှာကြားခဲ့ပြီး Switch Yard အတွင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအားလှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။ 

 

(သတင်းစဉ်)

 

332019