မွန်ဂိုလီးယားနိုင်ငံသားများကို သွားရောက်ခေါ်ယူရန် ပြည်ပနိုင်ငံများသို့ လေယာဉ်ရှစ်စင်း စေလွှတ်မည်

၂၉ မေ

 

ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားရာ နိုင်ငံများမှ မိမိနိုင်ငံသားများကို သွားရောက်ခေါ်ယူရန် ဇွန်လတွင် လေယာဉ်ရှစ်စင်းစေလွှတ်မည် ဖြစ်ကြောင်း မွန်ဂိုလီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားခဲ့သည်။

 

ကာဇက်စတန်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့်ဂျာမနီ စသည့်နိုင်ငံများမှ မွန်ဂိုလီးယား နိုင်ငံသား ၂၀၀၀ ခန့်ကို ပြန်လည်ခေါ်ယူမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ရုံး ညွှန်ကြားရေးမှူးချုပ် , Lkhanaajav Munkhtushig က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်ပွားချိန်ကတည်းက ကူးစက်မှုဖြစ်ပွားရာ နိုင်ငံများမှ မွန်ဂိုလီးယား နိုင်ငံသားဦးရေ  ၁၀၀၀၀ ခန့်ကို  ရထားများ၊ဘတ်စ်ကားများနှင့် စင်းလုံးငှားလေယာဉ်များဖြင့် သွားရောက်ခေါ်ယူခဲ့သည်ဟု နိုင်ငံအရေးပေါ်ဆိုင်ရာကော်မရှင် ပြောကြားချက်အရ သိရသည်။

 

မွန်ဂိုလီးယားနိုင်ငံတွင် နိုင်ငံခြားသား လေးဦး အပါအဝင် ကိုဗစ်-၁၉ အတည်ပြု ကူးစက်ခံရသူ ၁၇၉ ဦး ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ကူးစက်ခံရသူ အားလုံးမှာ ရုရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများဖြစ်သည်။

 

မွန်ဂိုလီးယားနိုင်ငံတွင် ယခုအချိန်ထိ ဒေသတွင်း ကူးစက်မှုများ၊ သေဆုံးမှုများမရှိသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို