ဇွန် ၂၃
မွန်ဂိုးလီးယားနိုင်ငံ၏ ဒေသအတော်များများတွင် ရေမျက်နှာပြင်များ ဆက်လက်မြင့်တက်နေသောကြောင့် အမျိုးသား အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီ (NEMA) က ရေကြီးရေလျှံမှုသတိပေးချက်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါအေဂျင်စီ၏ပြောကြားချက်အရ Orkhon၊ Khuder နှင့် Yuruu မြစ်များ အပါအဝင် မွန်ဂိုးလီးယား မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ အဓိက မြစ်များနှင့် ရေကန်များတွင် ဇွန်လ ၂၂ ရက်က ရေမျက်နှာပြင်သည် ယခင်နေ့ကထက် ၅၀ မှ ၁၀၀ စင်တီမီတာအထိ မြင့်တက်လာခဲ့ပြီး သတိပေး ကန့်သတ်ချက်များကို ကျော်လွန်ခဲ့သည်ဟု သိရသည်။
လာမည့်ရက်များတွင် မြစ်များရှိ ရေမျက်နှာပြင်များ ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း အရေးပေါ်အေဂျင်စီက ပြောကြားခဲ့ပြီး ပြည်သူလူထုအနေဖြင့် သတိရှိရှိ နေထိုင်ရန်နှင့် ရေကြီးရေလျှံမှုနှင့် ဆက်စပ်သော အန္တရာယ်များကို ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်လယ်ပိုင်းမှစတင်ကာ နိုင်ငံ၏ဒေသများစွာတွင် မိုးအေးခြင်းနှင့် စိုစွတ်သော ဆီးနှင်းများကျဆင်းခြင်းနှင့်အတူ ယခုနှစ်အတွင်း ပုံမှန်မဟုတ်သော အပူချိန်များ ကျဆင်းခဲ့ပြီး အချို့နေရာများတွင် အပူချိန် အနုတ် ၅ ဒီဂရီ စင်တီဂရိတ်အောက်သို့ ကျဆင်းသွားခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ရာသီအလိုက် မျှော်မှန်းထားသည်ထက် ပိုမိုအေးမြသော ရာသီဥတုအခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


