မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီး၌ သုံးမြွာပူး သားယောကျာ်းလေး အောင်မြင်စွာ မွေးဖွား

မင်းဘူး ဖေဖော်ဝါရီ ၂၂

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက မိခင်တစ်ဦးမှ သားယောကျ်ားလေး သုံးမြွာပူးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီး မိခင်ရော ကလေးများပါ ကျန်းမာလျက်ရှိကြောင်း အဆိုပါ ဆေးရုံကြီးမှ သိရသည်။

 

သုံးမြွာပူး သားလေးများ၏ ဖခင် ဦးမောင်ကျော်၊ မိခင် ဒေါ်ခင်ပျိုမေ ၃၅ နှစ်တို့အား ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက  မင်းဘူးခရိုင် မိခင်နှင့်ကလေး စောင်ရှာက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ အားပေးစကားများပြောကြားပြီး ကလေးများအတွက် အနှီးပိတ်စများ၊ ထောက်ပံ့ငွေနှင့် ဖြည့်စွက်အာဟာရမုန့်များ ထောက်ပံ့ပေးခဲ့သည်။ အမြွာပူးကလေးများ၏ မိခင်ဖြစ်သူမှာ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တောင်ပေါ်ကျေးရွာအုပ်စု လိုင်ကျေးရွာမှ ချင်းတိုင်းရင်းသူတစ်ဦးဖြစ်ပြီး ယခု သုံးမြွာပူး မမွေးဖွားမီ သားသမီး သုံးဦးရှိကာ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)