မြန်အောင်၌  လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်

မြန်အောင် သြဂုတ်  ၈

   

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၃) စက်မှုလယ်ယာစခန်းသင်တန်းခန်းမတွင် ယနေ့နံနက်က  လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း(၁/၂၀၂၂)ဖွင့်ပွဲ ပြုလုပ်ခဲ့သည်။ 


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဟင်္သာတခရိုင်စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးအောင်ကျော်သန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ သင်တန်းသားများအား သင်ရိုးမှတ်စုစာအုပ်နှင့်ဝတ်စုံများကို   ပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းသို့ မြန်အောင်မြိုနယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ သင်တန်းသား(၃၀) တက်ရောက်၍ သင်တန်းကာလ (၁၂)ရက်တွင် စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဖြိုးဝေထွန်း ထံမှသိရသည်။


မြို့နယ်(ပြန်/ဆက်)