မက္ကဆီကိုနယ်စပ်တစ်လျှောက် နယ်စပ်တံတိုင်းကာရန် ဘတ်ဂျက်ခွင့်မပြုပါက အစိုးရယ္တရားရပ်ဆိုင်းမည်ဟု ထရမ့်ပြော

မက္ကဆီကိုနယ်စပ်တစ်လျှောက် နယ်စပ်တံတိုင်းကာရံရန်ကိစ္စသည် နိုင်ငံတော်က အရေးပေါ်လုပ်ရမည့် အလုပ်ဖြစ်ကြောင်း၊ လွှတ်တော်အမတ်များဘက်မှ လုံလောက်သည့် ရန်ပုံငွေချမပေးလျှင် အစိုးရယန္တရားလည်ပတ်မှု ရပ်တန့်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့က အိမ်ဖြူတော် ရုံးခန်းထဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ပြောကြားမှုကြောင့် သတင်းထောက်များရှေ့တွင်ပင် သမ္မတထရမ့်နှင့် ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များကြား မပြေမလည်ဖြစ်ခဲ့ကြောင်း သိရသည်။

အထက်လွှတ်တော် အနည်းစုအမတ်များခေါင်းဆောင်ဖြစ်သည့် နယူးယောက်ပြည်နယ် အထက်လွှတ်တော်အမတ် ချက်ခ်စကမ်မာက သမ္မတအနေဖြင့် အစိုးရယန္တရား ရပ်ပစ်ချင်နေကြောင်းနှင့် ယခုလိုအငြင်းပွားမှုကြောင့် မရပ်တန့်ပစ်သင့်ကြောင်း ပြောကြားခဲ့သည်။

အောက်လွှတ်တော်ထိပ်တန်း ဒီမိုကရက်တစ် အမတ်တစ်ဦးဖြစ်သည့် ကယ်လီဖိုးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် နန်စီပယ်လိုစီက နယ်စပ်တံတိုင်းကာရံရန်ကိစ္စနှင့် အစိုးရယန္တရားရပ်ပစ်ရန် မထိုက်တန်ဟု ပြောကြားခဲ့ပြီးနောက် နယ်စပ်လုံခြုံရေးနှင့် ဘတ်ဂျက်ငွေချထားရေးဆိုင်ရာ အတည်ပြုချက်ရရန် လိုအပ်သည့် မဲနှင့်ပတ်သက်ပြီး လွှတ်တော်အမတ် ပယ်လိုစီနှင့် သမ္မတထရမ့်တို့ကြား အငြင်းပွားခဲ့ရာမှ အမေရိကန်သမ္မတ ထရမ့်က ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

အေအက်ဖ်ပီ