အောက်တိုဘာ ၂
မက္ကဆီကိုနိုင်ငံအရှေ့မြောက်ပိုင်းရှိ ဘုရားကျောင်းပြိုကျမှုဖြစ်ပွားခဲ့သဖြင့် လူခုနစ်ဦးထက်မနည်းသေဆုံးခဲ့သည်။
အဆိုပါဘုရားကျောင်းပြိုကျအပျက်အစီးများအောက်တွင် လူဒါဇင်ပိတ်မိမှုဖြစ်ပွားခဲ့သည်။ ထိုဘုရားကျောင်းသည် တာမူလီပါတ်ပြည်နယ်တွင်ရှိပြီး ယမန်နေ့က ဘုရားကျောင်းခေါင်မိုး ရုတ်တရက်ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘုရားကျောင်းပြိုကျမှုကြောင့် လူခုနစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းမီဒီယာက ဆိုသည်။
ဘုရားကျောင်းပြိုကျမှုဖြစ်ပွားချိန်က ထိုဘုရားကျောင်းတွင် လူ ၁၀၀ ခန့်ရှိနေပြီး ဘုရားကျောင်းအတွင်းထဲတွင် လူ ၃၀ ခန့်ရှိနေဆဲဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ကပြောကြားသည်။
ဒေသတွင်းအာဏာပိုင်များက ရှာဖွေရေးကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်လျက်ရှိပြီး ပြိုကျမှုဖြစ်ပွားရသည့် အကြောင်းရင်းကိုသိရှိရန်ကြိုးစားလုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို