မကွေးတိုင်းဒေသကြီး ကလေးစာပေပွဲတော် ဖွင့်ပွဲကျင်းပ

မကွေး  ၂၂ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော် ဖွင့်ပွဲ အခမ်းအနားကို မကွေးတက္ကသိုလ် ဘက်စုံခန်းမတွင် ယနေ့ မနက်ပိုင်းက ကျင်းပသည်။

 

ကလေးစာပေပွဲတော် ဆိုင်းဘုတ်ကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး၊ အမျိုးသား စာပေဆုရှင် ကဗျာဆရာ မောင်တင်စိုး(သစ်ရာကောက်)နှင့် ထူးချွန်ကျောင်းသူတစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

အဆိုပါ ကလေးစာပေပွဲတော်ကို  ဒီဇင်ဘာလ(၂၂) ရက်မှ (၂၃)ရက်အထိ (၂)ရက်ကြာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

 

MDN