မြို့သစ်မြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ်ကင်းဝေးစေရေး ပညာပေးဆာင်ရွက်

မြို့သစ် ၄ မတ်

 

မကွေးခရိုင် မြို့သစ်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်တင့်မှ ယာဉ်အန္တရာယ် ကင်းဝေးစေရေး ပြည်သူကို ရှေးရှုအထူးစီမံချက်ချ၍ စီမံညွှန်ကြား ဖမ်းဆီးအရေးယူမှုများကို အပတ်စဉ် ဆောင်ရွက်လျက်ရှှိိရာ ယနေ့နံနက်(၈)နာရီက စည်ပင်သာယာဈေးအနီး စာတိုက်လမ်း၌ ဆောင်ရွက်ခဲ့သည်။

 

"ဒီလိုတွေ ဆောင်ရွက်ရတာကလည်း ယာဉ်တိုက်မှုများစွာ ဖြစ်ပေါ်နေ၍ ယာဉ်တိုက်မှုများ လျော့နည်းစေရေး ပြည်သူများအတွက် ယာဉ်အန္တရာယ် ကင်းဝေးစေရေး ပူးပေါင်းအဖွဲ့ဖြင့် တားဆီးစစ်ဆေး အရေးယူမှုများ အထူးအလေးထား ဆောင်ရွက်နေတာပါ"ဟု မြို့သစ်မြို့မ ရဲစခန်းမှူး ဒုရဲမှူးရွှေစိန်မှ ပြောသည်။ 

 

မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့မှ ပြည်သူအများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ဆောင်ရွက်မှုကို ဖေဖော်ဝါရီ ၁၁ ရက်မှ မတ် ၁၀ ရက်အထိ  အထူးစီမံချက်ဖြင့် ယာဉ်စည်းကမ်း ချိုးဖောက်သည့်ယာဉ်များအား ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။   

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ရုံးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ကြီးကြပ်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးမှ ဝန်ထမ်းများပူးပေါင်းပြီး ပြည်သူများအား ယာဉ်အန္တရာယ် ကင်းဝေးစေရေး အလေးထားကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။


                                 
ဇော်ဇော်(မြို့သစ်)