မြို့သစ်မြို့၌ လွတ်လပ်ရေးနေ့ အကြို အားကစား ပြိုင်ပွဲများ ကျင်းပ

မြို့သစ် ၃ ဇန်နဝါရီ 

 

(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

 

ထို့နောက် မြို့နယ်အားကစားမှူးနှင့်  တာဝန်ရှိသူများက ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို စတင်ကျင်းပရာ ပြိုင်ပွဲတွင် ထွေ/အုပ်ဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်၊ မီးရထား၊မြေစာရင်းဆည်မြောင်း စသည့် ဌာနဆိုင်ရာ ပြိုင်ပွဲဝင် အသင်း(၁၀)သင်း ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသော အသင်းများအား (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အလေးပြု အခမ်းအနားပြိုင်ပွဲ အပြီးတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်ဇော်(မြို့သစ်)