မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဖလားအသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ တီးတိန်တွင်ပြုလုပ်

တီးတိန် ၅ ဇန်နဝါရီ    

 

၂၀၁၈ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး(TSDP) အစီအစဉ်အရ ကျင်းပပြုလုပ်သော တီးတိန်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖလား အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင် ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ကမ်းဟောက် အားကစားကွင်း၌ ဇန်နဝါရီ ၄ ရက်နေ့တွင် ပြုလုပ်သည်။

 

ဗိုလ်လုပွဲတွင် VVCU FC အသင်းနှင့် St.Paul FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ St.Paul FC အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ ဆုရအသင်းများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  ဦးဂိုဆွင်းခိုင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲသည် ၂၀၁၈ ခုနှစ်၊  ဒီဇင်ဘာ ၂၆ ရက်နေ့မှ စတင်ကစားကြပြီး အသင်းပေါင်း (၂၂) သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။

 


MDN