မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၆  ဇွန် 

 

မူးယစ်တပ်ဖွဲ့စု(၇)တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်  ဇွန် ၅ ရက် ညနေ ၄ နာရီတွင် တမူးမြို့နယ်၊ ခါမ်းပါတ်မြို့၊ ထင်းဇင်ကျေးရွာအထွက်၊ နန့်စပါတံတားအနီး၊ တမူး-ကလေး ကားလမ်းတွင် ငမ်ခိုခိုင်(ခ)ပါးခိုင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁၀ဝ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။

 

အလားတူ ယင်းနေ့ ညနေ ၆ နာရီက မူးယစ်တပ်ဖွဲ့စု(၃၆)ပဲခူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝေါမြို့နယ်၊ ဒိုက်ဦး- ညောင်ခါးရှည်ကားလမ်း၊ မိုင်တိုင်အမှတ်(ဝ/၅)အနီးတွင် အောင်မိုး မောင်းနှင်ပြီး စိုင်းဟား(ခ)ကျဟား လိုက်ပါလာသည့် NISSAN JUKE မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ကတ်တမင်း ၁၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၇,၆၀ဝ တို့ကို လည်းကောင်း၊ 

 

ထို့အတူ ယင်းနေ့ နံနက် ၂ နာရီခွဲက ရေးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် များပါဝင် သောပူး ပေါင်းအဖွဲ့သည် ရေးမြို့နယ်၊ အဘော်ကျေးရွာ၊ အနောက်လမ်းမပေါ်တွင် အောင်လှဝင်း အား Pajero အမျိုးအစား မော်တော်ယာဉ်နှင့်အတူ တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃,၉၅၀ ၊ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၇ တောင့်၊ ဓား ၁ ချောင်းနှင့် ငွေ ကျပ် ၈၁၀,ဝ၀ဝ တို့ကို လည်းကောင်း၊ ညနေ ၅ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်း အဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာအဝင်လမ်းမပေါ်တွင် အိုက်ဆေး မောင်းနှင်ပြီး ဒေါ်အေးအို လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂၀ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀ဝ တို့ကိုလည်းကောင်း၊ 

 

အလားတူ ယင်းနေ့ နံနက်က တောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း  အဖွဲ့သည် တောင်ကြီးမြို့နယ်၊ လွယ်တော်ကျေးရွာအုပ်စု၊ ဘန်ကွဲကျေးရွာ၊ ဇလဲ-တောင်ကြီး ကားလမ်းတွင် ကိုစိုင်း မောင်းနှင်ပြီး ကိုသူ(ခ)စိုင်းသူရဝင်း လိုက်ပါလာသည့်မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးစဉ် ကိုစိုင်း မှာ ထွက်ပြေးသွားပြီး ကိုသူ(ခ)စိုင်းသူရဝင်း အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,ဝ၀ဝ  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

 

(ကိုရဲ)