မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၄ မတ်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၃ ရက် မွန်းတည့် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာအနီး မြင်းခြံ - မန္တလေး ကားလမ်း လမ်းအသုံးပြုခကောက်ခံရေးဂိတ်တွင် ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ခရီးသည် မမေမိုးစံ(ခ)ဒီဒီ ကိုင်ဆောင်ထားသည့် ပိုက်ဆံအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၁၀၊ ငွေကျပ် ၂၀၂၅၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ထို့ပြင် မတ် ၁၂ ရက် နံနက် ၇ နာရီတွင် တပ်မတော်မှ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် နာသာလိကျေးရွာအနီးရှိ ဝါးရုံတောအောက်ခြေတွင် မြေကျင်းတူး၍ မြှုပ်ထားသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားအကြေမှုန့် ၃ ဒသမ ၅ ကီလိုနှင့် ပွိုင့် ၂၂ သေနတ်တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

ရဲပြန်ကြား