မိုးညှင်းမြို့တွင် မော်တော်ယာဉ်လိုင်း ၂၅လိုင်းရှိပြီး သင်္ကြန်ကာလအတွင်း၌ ၂၃ လိုင်းသာပြေးဆွဲမည်

မိုးညှင်း  ဧပြီ  ၁၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့အတွင်းသို့ ဖြတ်သန်းမောင်းနှင်နေကြသည့် မော်တော်ယာဉ်လိုင်း ၂၅ လိုင်းရှိသည့်အနက် သင်္ကြန်ကာလအတွင်း ၂၃ လိုင်းသာပုံမှန်အတိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်လိုင်းများသည် မြစ်ကြီးနား-မန္တလေး-ရန်ကုန်စသည့်အခြားမြို့များသို့ ပြေးဆွဲကြ ရာ မိုးညှင်းမြို့မှ စတင်ထွက်ခွာပြေးဆွဲသည့် မော်တော်ယာဉ်လိုင်း သုံးလိုင်းသာရှိပြီး ၎င်းယာဉ်လိုင်း သုံးလိုင်းသည် ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ခေတ္တပိတ်နားထားမည်ဖြစ်ကြောင်း၊ နှစ်ဆန်း ၂ ရက်နေ့တွင် ကားကြီးကွင်း၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်းများ ပြုလုပ်ပြီးမှ မြို့ပေါ်ယာဉ်လိုင်း များကို ယခင်ပုံမှန်အတိုင်း စတင်ပြေးဆွဲသွားမည်ဖြစ်၍ ကျန်ရှိနေသည့် မော်တော်ယာဉ်လိုင်း  ၂၃ လိုင်းသည် ပုံမှန်အတိုင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း  မော်တော်ယာဉ် အသင်းဥက္ကဌ ဦးနေဝင်းထံမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)