မိုးညှင်းမြို့နှင့် ၁၀ မိုင်ခန့်အကွာတွင် ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

နေပြည်တော်  ၁၇  ဇန်နဝါရီ

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် ၄ နာရီ၊ ၉ မိနစ်၊ ၃၄ စက္ကန့်အချိန်တွင် ကသာမြေငလျင်စခန်းမှ မြောက်ဘက် (၅၁)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင် (မိုးညှင်းမြို့၏ မြောက်-အရှေ့မြောက်ဘက် (၁၀)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၄ ဒသမ ၉၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၄၃ ဒီဂရီ၊ အနက် (၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 
MDN