မိုးညို မတ် ၃၁

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝှမ်း မတ် ၃၁ ရက်မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ တစ်နေ့လျှင် (၁)ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၃)နာရီကြာ ဖြေဆိုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

မိုးညိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို စာစစ်ဌာန ၅ ခုဖြစ်သော  အ.ထ.က မိုးညို၊ အ.ထ.က ထိန်တော၊ အ.ထ.က ရေကင်း၊ အ.ထ.က ပတ္တော်၊ အ.ထ.က ဆင်မနိုင် စသည့် စာစစ်ဌာနတို့တွင် ကျောင်းသားကျောင်းသူ (၆၈၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကိုမင်း(ပြန်/ဆက်)