မိုင်းယောင်း ၁၉ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် သခွားမွှေးစိုက်ပျိုး၍ ကိုယ်တိုင် ရောင်းချခြင်းဖြင့် ဈေးကောင်းရရှိကြောင်း သိရသည်။
သခွားမွှေးအလုံးချော တစ်လုံးလျှင် ကျပ် ၅၀၀ ဖြင့် ရောင်းချရပြီး အနည်းငယ်သေးသော အလုံးများဆိုလျှင် ကျပ် ၂၀၀ ဖြင့် ရောင်းချရကြောင်း၊ မိုင်းယောင်းအပြင် မိုင်းယုနယ်တွင်လည်း တစ်ပိုင်တစ်နိုင် သခွားမွှေးမျိုး စိုက်ပျိုးသူ များပြားလျက်ရှိကြောင်း သခွားမွှေး တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူ ကိုအိုက်ဥက ပြောသည်။
မိုင်းယောင်းမြို့နယ်တွင် သခွားမွှေးကို ခြံဖြင့်စိုက်ပျိုးခြင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းများရှိရာ ယခုအခါ မိုင်းယောင်းဒေသမျိုး သခွားမွှေးကို အများအားဖြင့် စိုက်ပျိုးကြသည်။
မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့နယ်တွင် သခွားမွေးစိုက်ပျိုးသူများအနေဖြင့် ဓာတုကင်းသော သခွားမွှေးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)


