မိုင်းရယ်မြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုင်းရယ်  မေ  ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မေ ၂၈ ရက် နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ မိုင်းရယ်-ကျေးသီးလမ်းဘေး၌ ကျင်းပသည်။ သစ်ပင်စိုက်ပျိုးပွဲ၌ မယ်ဇလီပင် ၁၅၀၊  ခါတော်မီ ပင် ၁၅၀၊ ရေသင်းဝင် ပင် ၁၅၀၊ ယမနေ ပင် ၁၅၀နှင့် ကျွန်း၊ စိန်ပန်း၊ ခရေ၊ ကံ့ကော်၊ ချယ်ရီ ၁၀၀ စုစုပေါင်း သစ်ပင် ၆၀၀ ကို စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)