မိုင်းဆတ်မြို့၌ အခမဲ့သိုးမွှေးထိုးသင်တန်းဆင်းပွဲ ကျင်းပ

မိုင်းဆတ် ၃၁ သြဂုတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခမဲ့သိုးမွှေးထိုးသင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ် ၃၁ ရက် နံ နက် ၉ နာရီက အမျိုးသမီးအိမ်တွင်းမှုသက်မွေး သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်စိုးဦးနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သင်တို့က သင်တန်းဆင်း အမှာစကားပြောကြားပြီး တာဝန်ရှိသူတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

"ကျွန်မတို့ သင်တန်းကာလ တစ်လအတွင်းမှာ မာဖလာ၊ သုံးထောင့်ပုဝါ၊ ကလေးနှင်းကာ၊ ကလေးအင်္ကျီ၊ ဗန်းခင်း၊ ကဒ်နဲ့ တစ်ရှူးဘောက်ထိုးနည်းနဲ့ ယုန်မွှေးနဲ့တစ်ရှူးဘောက်ထိုးနည်းတွေကို သင်ယူခဲ့ရပါတယ်၊ ဒီပညာကို အကျိုးရှိအောင်အသုံးချပြီး မိသားစုအတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိအောင်ကြိုးစားသွားမှာပါ"ဟု သင်တန်းသူ မသွယ်ဇင်ဦးက ပြောသည်။

 

အဆိုပါသိုးမွှေးထိုးသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် သင်တန်းသူ(၂၀)ဦး သတ်မှတ်၍ တစ်လကြာသင်ကြားပေးကြောင်း၊ သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးသည့်အပြင် သင်တန်းသူတစ်ဦးလျှင် နေ့စဉ်စားစရိတ်ကျပ်-၁၅၀ဝိနှုန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)