မိုးနဲမြို့၌ အသက် (၈၅)နှစ်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင် ပေးအပ်

မိုးနဲ ၂ ဇူလိုင်     

     
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ  အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး၊ ဘွားများအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီ၊ မေနှင့် ဇွန်လများအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ရာ ယနေ့နံနက် ၉ နာရီက  မြို့ပေါ်ရပ်ကွက်ရှိ အဘိုး၊ အဘွား ၄၈ ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက မြို့ပေါ်ရှိ အဘိုး အဘွားများအား တစ်ဦးလျှင် (၃၀ဝ၀ဝ)နှုန်းဖြင့် အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့သည်။ မိုးနဲမြို့နယ်အတွင်း အသက် (၈၅) နှစ်အထက် သက်ကြီး အဘိုး၊ အဘွား ၈၃ ဦးရှိပြီး ကျေးရွာများရှိ အဘိုးအဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြာင်း သိရသည်။


မျိုးညွန့်ရွှေ (မိုးနဲ)

 

1