မိုးကုတ်မြို့၊ သင်္ဃန်းကျွန်းမြို့၊နှင့် တောင်ဥက္ကလာပမြို့နယ်တို့အတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၇  ဖေဖော်ဝါရီ 

 

ပိန်းပြစ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၅ ရက် နံနက် ၇ နာရီခွဲက မိုးကုတ်မြို့နယ်၊ မိုးကုတ်-မိုးမိတ်ကားလမ်း၊ ဂေါ်ရခါးကျေးရွာအနီးတွင်တွေ့ရှိသူ ဒေါ်လီမဆားအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁,၉၁၇ ပြား ကိုလည်းကောင်းဖမ်းဆီးရမိခဲ့သည်။

 

အလားတူ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၃ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်အရှေ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ဃန်း ကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်၊ လေးထောင့်ကန်လမ်းမကြီး၊ ဘီအိုစီကား မှတ်တိုင်အနီးတွင် တွေ့ရှိသူ ဇော်မင်းလွင်(ခ)ဆာဒမ်ဟူစိန်အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ ဟန်လင်းထက်(ခ)ကို ထက်အား တောင်ဥက္ကလာပ မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ သရေခေတ္တရာ(၂၂)လမ်း၊ အမှတ်(၇၉၃)၊ ဥက္ကလာဟိုတယ်၊ အခန်းအမှတ် (၃၀၁)တွင် လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ  ဖမ်းဆီးရမိခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ င/ကရပ်ကွက်၊ ရူပလမ်းသွယ်၊ တိုက်အမှတ်(၈/၄၃)၊ (၅)လွှာရှိ ဇော်မင်းလွင်(ခ) ဆာဒမ်ဟူစိန်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၅,၃၀၅ ပြား ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

ကိုရဲ