မိုးကြိုးပစ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးမှု ပေါင်းတည်၌ဖြစ်ပွား

ပေါင်းတည်  ၃၁   မေ


ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က နွားခြံကုန်းအုပ်စု ကုန်းသာကျေးရွာ တိုင်တောင်ပဲခင်းအတွင်းရှိ လူနေတဲပေါ်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ သွားရောက်ကြည့်ရှုရာ ဦးကံဝင်း အသက် (၆၀) နှစ် နွားခြံကုန်းနေသူသည် တဲအတွင်း မိုးကြိုးပစ်ခံရ၍ ရရှိသော ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း တွေ့ရှိခဲ့သဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ မှတ်တိုင်နယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


တင်ဝင်းဇော်(မင်းသားကြီး)