မိုးကောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး၊ နယ်လှည့်စာကြည့်တိုက်နှင့် တိုင်းရင်းဆေးကု အသိပညာပေးဆောင်ရွက်

မိုးကောင်း ၂ ဇွန် 

 


ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေး၊ နယ်လှည့်စာကြည့်တိုက်၊ တိုင်းရင်းဆေး အသိပညာပေးနှင့် ဆေးကုသမှု နယ်လှည့်ဆောင်ရွက်ခြင်းကို ကျွန်းတောရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု စန္ဒာရာမသီလရှင်စာသင်တိုက်၌ ယနေ့နံနက် ၉ နာရီတွင် ပြုလုပ်သည်။

 

 

နတန္


ယင်းသို့ဆောင်ရွက်ရာတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး  နံရံကပ်များ၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသပြီး စာဖတ်ခြင်းအလေ့အထရှိစေရန်၊ ဗဟုသုတကြွယ်ဝစေရန် အသိပညာပေးရေး သုတ/ရသစာအုပ်များကို သီလရှင်ဆရာလေးများအား ဖြန့်ဝေ၍ စာဖတ်စေခဲ့ပြီး ပြန်/ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများက သင်ခန်းစာယူစရာ အကြောင်းအရာများ ပြန်လည်၍အသိပညာပေး ဟောပြောသည်။

 


အလားတူစွာ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများက အဆိုပါစာသင်တိုက်ရှိ သီလရှင်ဆရာလေးများအား တိုင်းရင်းဆေးကုသမှု၊ ကျန်းမာရေးစစ်ဆေး စောင့်ရှောက်မှု ဆောင်ရွက်ကြကြောင်း သိရသည်။

 


သန်းလွင်ဦး (ပြန်/ဆက်)