မိုးကောင်းမြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက် (၂၀) နှစ်အောက် ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပ

မိုးကောင်း ၁ ဇန်နဝါရီ  

 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက်  (၂၀) နှစ်အောက် ဖူဆယ်ဘောလုံး ပြိုင်ပွဲကို ယနေ့မနက် ၉ နာရီတွင် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

အဆိုပါ ဘောလုံးပြိုင်ပွဲကို လူငယ်အသင်း ပေါင်းစုံ အုပ်စု (၂) စု (၈) သင်းပတ်လည် တစ်ရက်ပွဲစဉ် (၄) ခုဖြင့် ဇန်နဝါရီ (၁) ရက်မှ (၃) ရက်ထိ စုစုပေါင်းပွဲစဉ် (၁၅) ခု ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ဗိုလ်လုပွဲစဉ်ကို လွတ်လပ်ရေးနေ့ ညနေပိုင်း၌ ယှဉ်ပြိုင်ပြီး ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

သန်းလွင်ဦး(ပြန်/ဆက်)