မိုးကောင်း၊ မြိတ်၊ ပဲခူးနှင့် သထုံမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၆

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီခွဲတွင် မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်၊ ကျွန်းတော(၃၄) လမ်းတွင် နေမျိုးဦး(ခ)ဂမ်အောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၃၉၅  ပြားကို သိမ်းဆည်းရမိခဲ့သသည်။

 

ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ တံတားဦးရပ်၊  မြဝတ်ရည်လမ်းတွင် ပြည့်စိုးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေ စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၉၉၄ ပြား ကိုလည်းကောင်း၊ ထို့အတူ နိုဝင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီတွင် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အမှတ်(၆)ရပ်ကွက်၊ ဝမ်းဘော်ဒတ် ပူးပေါင်း စစ်ဆေးရေးဂိတ်အနီးတွင် လမ်းလျှောက်လာသည့် ကျော်ဇင်ဝင်း အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၂၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၅၀ တွင် သထုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သထုံ မြို့နယ်၊ နောင်ကုလားကျေးရွာအုပ်စု၊ နောင်ကုလားကျေးရွာနေ မခင်လေးကြည် (ခ)နီလာထွန်း ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၈၉ ပြားကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)