မိတ္ထီလာမြို့နယ် ကြွယ်ကန်ကျေးရွာမှ မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ နိုဝင်ဘာ ၇

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်   ကြွယ်ကန်ကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ဆောင်ရွက်လျက်ရှိသော မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

            မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက် သုံးရေ အဆင်ပြေစေရေးအတွက် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြေသား ရေကန်တူးဖော်ပြုပြင်ခြင်း၊ စက်ရေတွင်းတူးခြင်းလုပ်ငန်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် (၇.၆၉၅)သန်းဖြင့် ကြွယ်ကန်ကျေးရွာအုပ်စု ကြွယ်ကန်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ တာဝန်ယူပြီး အလျား ပေ ၁၈၀၊ အနံ ပေ ၁၅၀၊ အနက် ၃ပေရှိ မြေသားရေကန် တူးဖော်ပြုပြင်ခြင်းလုပ်ငန်းကို ဇွန် ၂၃ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ၎င်းမြေသားရေကန် တူးဖော်ပြုပြင်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။

အဆိုပါ မြေသားရေကန်တူးဖော်ပြုပြင်ခြင်းလုပ်ငန်းပြီးစီးပြီဖြစ်၍ အိမ်ခြေ ၂၁၈ အိမ်၊  လူဦးရေ  ၁၃၃၀ ဦး ရှိသည့် ကြွယ်ကန်ကျေးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေအတွက် ရာသီမရွေး အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။

                  သိန်းမြင့်ကျော်(မိတ္ထီလာ)