မြိတ်နှင့် ဟိုပုံးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၁၉  

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၇ ရက် ည ၁၀ နာရီတွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင် (၅) ရပ်၊ ရွှေပြည်တန် လမ်းမကြီးတွင် နေမျိုးအောင် မောင်းနှင်ပြီး ထက်ဇော်ထွန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် မြိတ်မြို့၊ ကန်ကြီးရပ်ကွက်တွင် လွင်မျိုး မောင်းနှင်ပြီး ရဲထွဋ်အောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ ဖက်ရမ်း ကျေးရွာအုပ်စု၊ လွယ်ဝိုးတုတ်ကျေးရွာအနီး၊ ဟိုပုံး-လွိုင်လင်သွားကားလမ်းတွင် လင်းဝေဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား