မီးတောင်ပေါက်ကွဲမှုများ ထပ်မံ ရှိနိုင်သဖြင့် ဖိလစ်ပိုင်၌ သတိပေးမှုပြုလုပ်

၁၅ ဇန်နဝါရီ

 

မနီလာမြို့အနီးရှိ မီးတောင်တစ်လုံးသည် လာမည့်ရက်များအတွင်း ထပ်မံပေါက်ကွဲမှုဖြစ်ပေါ် နိုင်သဖြင့် အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဖိလစ်ပိုင် တာဝန်ရှိသူများက ပြောကြားသည်။ 

 

မနီလာမြို့တော်မှ ၆၀ ကီလိုမီတာအကွာတွင်ရှိသည့်  Taal မီးတောင်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူထောင်ပေါင်းများစွာတို့သည် ဘေးလွှတ်ရာသို့ ခိုလှုံခဲ့ကြသည်။

 

မီးခိုးများသည့် အမြင့်ပေ ၂ ကီလိုမီတာအထိ မြင့်တက်နေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။


မီးတောင်ငလျင်လှုပ်ခတ်မှု ၄၆၀ ကျော် ရှာဖွေတွေ့ရှိခဲ့ကြောင် ၎င်းတို့က ပြောကြားသည်။ 

 


သတိပေးချက်အဆင့် အဆင့်ငါးသတ်မှတ်ထားရာမှ အဆင့်လေးသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ 

 

လူပေါင်း ၄၃၀၀၀ ကျော်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီးနောက် သဘာဝဘေးရှောင်စခန်း ၂၀၀ ကျော် တည်ဆောက်ခဲ့သည်ဟု ဆိုသည်။

 

လူအချို့မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် မျက်စိဆိုင်ရာ ဝေဒနာများကို ကုသမှု ခံယူနေရသည်ဟု ဆိုသည်။ 


လူအများတွင် မီးခိုးမှုန့်များကို ရှုရှိုက်ခြင်း  ပိုမိုများပြားလာခြင်းကြောင့် အသက်ရှုပိုင်းဆိုင်ရာ ရောဂါများ ခံစားလာရကြောင်း ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။ 

 

4

 

အခြေအနေမှာ ကပ်ဆိုက်သော ကာလဖြစ်နေသည်ဟု ဖိလစ်ပိုင်သမ္မတ ရီယိုဒူတာတေးက ညွှန်းဆို ခဲ့သည်။ 


ပြာမှုန့်များကြောင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်ရလျက်ရှိပြီး အစိုးရလုပ်ငန်းများကိုလည်း ဆိုင်းငံ့ထားခဲ့ပြီးနောက် မြို့များ၊ မြို့တော်အများအပြားရှိ ကျောင်းများကို ပိတ်ထားခဲ့ရသည်။ 

 

ကိုးကား-အန်အိတ်ခ်ျကေ

 

ဘာသာပြန်-မေဇော်ထက်