မီးကြွင်းမီးကျန် မကျန်ရအောင်

မြန်မာနိုင်ငံသည် ကျွန်နိုင်ငံဘဝမှ လွတ်မြောက်ခဲ့ပြီးသည့်နောက် ငြိမ်းချမ်းသည့်နေ့ရက် တစ်ရက်မှ မရှိသေးဟုဆိုလျှင် လွန်အံ့ မထင်။ အယူဝါဒမျိုးစုံ စွဲကိုင်ထားကြကာ ဦးတည်ရည်မှန်းချက် အဖုံဖုံ၊ ကိုယ့်ယုံကြည်ချက်နှင့်ကိုယ်၊ ကိုယ့်လမ်းကြောင်းနှင့်ကိုယ်၊ ကိုယ့်အကျိုးစီးပွားနှင့်ကိုယ်၊ လက်နက်ကိုယ်စီဖြင့် နိုင်ငံရေးကို အခြားနည်းဖြင့် အဖြေရှာခဲ့ကြသူများကြောင့် ငြိမ်းချမ်းသည့် နေ့ရက်များ ပျောက်ဆုံးခဲ့ရခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးစ ကာလ တစ်နိုင်ငံလုံး အနှံ့တွင် ဖြစ်ပွားခဲ့သည့် ရောင်စုံပုန်ကန် ထကြွမှုများက မြေပြန့်ဒေသများ၌ ချုပ်ငြိမ်းသွားပြီးချိန်တွင် တောင်ပေါ်နယ်စပ်ဒေသများတွင် ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခ၊ တိုက်ပွဲ၊ စစ်ပွဲဟူ၍ မည်သည့် ဝေါဟာရကို သုံးစွဲသည်ဖြစ်စေ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား နေသည့်နေရာဒေသသည် မငြိမ်းချမ်းသည့်နေရာဒေသ၊ စစ်ပွဲ၊ တိုက်ပွဲများ ဆင်နွှဲနေသည့် စစ်နယ်မြေသာဖြစ်သည်။ ယင်း နယ်မြေများတွင် လက်နက်များကိုင်စွဲထားသည့် ဘက်နှစ်ဖက်မှ တပ်များရှိသလို ဘာလက်နက်မှမရှိသည့် ပြည်သူများလည်း ရှိသည်။ တိုက်ခိုက်မှုများဖြစ်ပွားလာသည့်အခါတွင် ဒေသနေ ပြည်သူများမှာ ဒေသကိုစွန့်ခွာ၍ စစ်ကို ရှောင်တိမ်းကြရသည်။ ဥယျာဉ်ခြံမြေလယ်ယာတို့ကို စွန့်ခွာကြရသည်။ နေအိမ်နှင့် ကျွဲနွားတို့ကို ထားရစ်ခဲ့ရသည်။ တစ်နိုင်စာမျှ အဝတ်အစားအနည်း ငယ်နှင့် သားသမီးတို့ကို ချီပိုးလက်ဆွဲကာ ဘေးလွတ်ရာသို့ ပြေးကြရသည်။ ကျီးလန့်စာစားနေကြရ၊ အိပ်စက်ကြရသည်။ မိမိတို့သွားလာနေကျ လမ်းများသည်ပင် မြေမြှုပ်မိုင်း၊ တိုက်မိုင်း တို့ကြောင့် ရဲရဲခြေမချဝံ့ကြတော့။ မိသားစုဘဝ၏အနာဂတ်သည် ဝေလာဝေး၊ တစ်ရက်ပြီးတစ်ရက် အသက်ဆက်နိုင်ရန်ပင် ကံကြမ္မာပေါ်မှာသာ ဝကွက်အပ်ထားကြရသည့် အခြေအနေ။ မွေးကတည်းက ယင်းသို့သော အခြေအနေများထဲမှာပင် ရှင်သန် လာခဲ့ကြရသည့်ဘဝများက ငြိမ်းချမ်းရေးကို လိုချင်ကြသည်။ ငြိမ်းချမ်းရေးဟုဆိုရာတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်း ရေးကို လိုလားတောင့်တကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ရက် တပ်မတော်၏ အာဏာထိန်းမှု အပေါ် မကျေနပ်ရာမှစတင်ခဲ့သည့် ဆန္ဒပြပွဲများမှ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲလာသည့် ဆူပူသောင်းကျန်းမှုများမှာ ယခုအခါ အကြမ်းဖက်မှုအဆင့်သို့ ရောက်ရှိလာသည်။ ဆန္ဒပြမှု၊ ဆူပူမှု၊ လက်နက်ကိုင်သောင်းကျန်းမှု၊ အကြမ်းဖက်မှုတို့ကို နောက်ကွယ်မှ ကြိုးကိုင်နေသူ၊ လိုင်းချပေးနေသူက နိုင်ငံအတွင်း ပြည်တွင်းစစ်ဖြစ်ရန်အထိပင် နှပ်ကြောင်းပေးနေပြီဖြစ်သည်။ ရိက္ခာစုဆောင်းထားရန်၊ စစ်ပြေးပြေးဖို့ အထုပ်ပြင်ထားရန်သတိ နှင့် နေရန် ခြိမ်းခြောက်မှုများလည်းပါသည်။ ကုလသမဂ္ဂမှ ပုဂ္ဂိုလ် အချို့၊ နိုင်ငံခြားသတင်းဌာနမှ ပုဂ္ဂိုလ်အချို့ကလည်း မြန်မာနိုင်ငံ သည် ပြည်တွင်းစစ်ပွဲဆီသို့ ဦးတည်နေပြီဟူ၍ အမနာပ ဆိုကြ သည်။ မြန်မာနိုင်ငံ၏ နယ်မြေဒေသအားလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ကျားကုတ်ကျားခဲ ကြိုးပမ်းနေချိန်တွင် တစ်နိုင်ငံ လုံး စစ်မီးတောက်လောင်ရေး ကောက်ကျစ်ညစ်ထေးစွာ လုပ်ဆောင်နေကြသူများ၊ မြန်မာနိုင်ငံမှ စစ်အနိဋ္ဌာရုံကို မြင်လို ကြားလိုသူများ ရှိနေကြသည်။ တပ်မတော်ကို မုန်းတီးစိတ် - သက်သက်ဖြင့် အသိဉာဏ်နည်းပါးလွန်းသူ အချို့ကလည်း

ပြည်တွင်းစစ်ဖြစ်လာပါစေကြောင်း ဖေ့ဘွတ်ပေါ်မှာ ဆုတောင်း နေကြသည်ကို ယုံကြည်နိုင်ဖွယ်မရှိအောင် တွေ့မြင်နေရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် အရေးပေါ် | အခြေအနေကာလတစ်ရပ်အတွင်း နိုင်ငံတော်၏တာဝန်အရပ်ရပ် တို့ကို ဦးတည်ချက်(၉)ရပ်၊ လုပ်ငန်းစဉ်(၅)ရပ် တိတိကျကျ ချမှတ်၍ အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်သည်။ အချိန် | ကာလတိတိကျကျရှိသလိုလုပ်ငန်းတာဝန်လည်း တိတိကျကျ ရှိသည်။ ဒီမိုကရေစီနိုင်ငံတော်ကို လမ်းမှန် ကမ်းမှန် တည့်မတ်အောင် ဆောင်ရွက်နေရခြင်းမှာ တိမ်းစောင်းမှု၊ မမှန်ကန်မှုများ ရှိခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ နိုင်ငံကို အလုံးစုံပျက်သုဉ်းရေးသို့ ဦးတည်၍ ပြည်တွင်းစစ်လမ်းကြောင်းပေါ် ဆွဲခေါ်နေခြင်းကို ပြည်သူလူထုနှင့် တပ်မတော်က လက်မခံ။ မီးပွားမီးစကို မီးတောက်မီးလျှံ ဖြစ်မလာမီမှာပင်မီးကြွင်းမီးကျန် မကျန်ရအောင် ငြိမ်းသတ်မည် ဧကန်သာဖြစ်ပါကြောင်း။

မြန်မာ့အလင်း