မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စက်သုံးဆီဆိုင်များနှင့် စက်သုံးဆီဂိုဒေါင်များအား ကွင်းဆင်းစစ်ဆေး

ပုလော ၁၅ မတ်    

 

ပူပြင်းခြောက်သွေ့သော နွေကာလရောက်ရှိလာပြီဖြစ်၍  ပုလောမြို့နယ်အတွင်းရှိသော စက်သုံးဆီဆိုင်များနှင့် စက်သုံးဆီဂိုဒေါင်များအား မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်  မြို့နယ်မီးဘေးတားဆီးကာကွယ်ရေး နှင့် ကြီးကြပ်ရေးအဖွဲ့ များပါဝင်ပြီး ပုလောမြို့တွင်း မီးဘေးအန္တရာယ်စိုးရိမ်ရသော စက်သုံးဆီရောင်းချနေသည့် ဆိုင်များအား မီးဘေးအန္တရာယ်မဖြစ်ပွားအောင် ဆီဖြည့်နေစဉ် ဆေးလိပ်မသောက်ရ၊ ဖုန်းမပြောရ သတိပေး ဆိုင်ဘုတ်များကပ်ထားရန်၊ DCP မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့ပြီး၊ ပျက်စီးနေ သော DCP မီးသတ်ဆေးဘူများကို အသစ်လဲလှယ်ကြရန် သတိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။

 

ဆက်လက်၍ စက်သုံးဆီဂိုဒေါင်များတွင် ရေစုပ်စက်များထားရှိရန် စက်သုံးဆီဖြန့်ဖြူးနေစဉ် မီးသတ် ဆေးဘူး ကိုင်ဆောင်ထား၍ ကြိုတင်ကာကွယ်မှုများပြုလုပ်ထားရန်၊ DCP မီးသတ်ဆေးဘူများ လုံလောက်မှု ရှိအောင်ထားရှိရန် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

 

ထူးဝေယံ(ပြန်/ဆက်)

 

3151232