မိဘပြည်သူများ၏ မေတ္တာရပ်ခံချက်အရ တပ်မတော်ဆိုင်ရာ တက္ကသိုလ်များ၏ ဗိုလ်လောင်း ဝင်ခွင့်များအတွက် အသက်ကန့်သတ်ချက် တိုးမြှင့်သတ်မှတ်


မိဘပြည်သူများ၏ မေတ္တာရပ်ခံချက်အရ တပ်မတော်ဆိုင်ရာ တက္ကသိုလ်များ၏ ဗိုလ်လောင်း ဝင်ခွင့်များအတွက် အသက်ကန့်သတ်ချက် တိုးမြှင့်သတ်မှတ်

နေပြည်တော်၊ ဇွန် ၂၇

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် (အမျိုးသမီး)  ဗိုလ်လောင်းဝင်ခွင့်နှင့်ပတ်သက်၍ မိဘပြည်သူများ၏ မေတ္တာရပ်ခံချက်အရ အသက်ကန့်သတ်ချက်ကို ယခင်ထက် ၆ လတိုး၍ ပြင်ဆင်သတ်မှတ်ပေးလိုက်ကြောင်း သိရှိရသည်။

အဆိုပါတက္ကသိုလ်များအတွက် ဗိုလ်လောင်းဝင်ခွင့်လျှောက်ထားမှုတွင် ယခင် သတ်မှတ်ချက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် အသက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၈ နှစ်ထက်မကြီးရ (အစား) ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် အသက် ၁၆ နှစ်အောက် မငယ်ရ၊ ၁၈ နှစ် ၆ လ ထက်မကြီးရ ဟု တိုးမြှင့် ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်