မဟာတံတိုင်းကို လာရောက်လည်ပတ်သူ ရာချီပြီးရှိလာပြီ

၂၂ ဧပြီ

တရုတ်နိုင်ငံက မဟာတံတိုင်းကို ဘေဂျင်းမြို့ခံ ရာချီပြီးလာရောက်လည်နေကြတာကို တွေ့ရတာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် မဟာတံတိုင်းကြီးကို လာရောက် လည်ပတ်ခွင့် ပိတ်ပင်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့လ ၂၄ ရက်နေ့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

 

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ ၂၃ ဦးသာရှိခဲ့တဲ့အတွက် ကူးစက်ခံရသူ အရေအတွက် သိသိသာသာ ကျဆင်းသွားတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။ အဲဒီအတွက် နိုင်ငံမှာ ပုံမှန်လူနေမှု အခြေအနေကို ပြန်လည်ရောက်ရှိနေပြီလို့ ဆိုနိုင်တယ်လို့ မဟာတံတိုင်းကို လာရောက်လည်ပတ်သူက ပြောပါတယ်။

 

ဘေဂျင်းမြို့ခံ လီဇင်ယောင်း က တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်အကြောင်းကို နားလည်သွားတဲ့အတွက် ဘယ်လိုကာကွယ်ရမယ်ဆိုတာကို နားလည်သွားကြပြီ ဖြစ်တဲ့အတွက် အခုထိန်းချုပ်နိုင်ပြီ။ သိပ်စိုးရိမ်စရာ မရှိတော့ဘူးတော့လို့ ပြောပါတယ်။

 

အလားတူ လာရောက်လည်ပတ်သူ အီချန်း ကလည်း ကပ်ရောဂါကြီးက ပြီးသွားပြီ။ လူတွေအားလုံးက အိမ်ထဲကနေ ထွက်လာချင်တယ်။ ငြိမ်သက်နေတဲ့ အခြေအနေက ထွက်လာခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ ကမ္ဘာမှာ အလုံခြုံဆုံးနေရာဟာ ဘေကျင်း ဖြစ်နေတယ်လို့ ထင်ကြောင်း ပြောပါတယ်။

 

ဧပြီ ၂၂ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းအရ ရောဂါကူးစက်သူ စုစုပေါင်း ၈၂,၇၈၈ ဦးနဲ့ သေဆုံးသူ ၄,၆၃၂ဦး ရှိကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP