မဟာဗောဓိမြိုင်ဆရာတော်ကြီး ဘဒ္ဒန္တ ဉေယျဓမ္မသာမိ ဘဝနတ်ထံပျံလွန်တော်မူ

နေပြည်တော် မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ၊ ‌ဉေယျဓမ်တောရကျောင်း၏ ဦးစီးပဓာနနာယက မဟာဗောဓိမြိုင် ဆရာတော်ကြီး ဘဒ္ဒန္တ ဉေယျဓမ္မသာမိ (၈၃ နှစ်၊ ၄၅ ဝါ)သည် ၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ ၂၀၂၄ ခုနှစ် ဧပြီ ၃၀ ရက် (အင်္ဂါနေ့)၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် သီတင်းသုံးရာကျောင်း၌ ၉၆ ပါးသော ရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

 သတင်းစဉ်