မေမေ့ရဲ့ ဆယ်ကျော်သက်လေးတွေ ပင်ပန်းနေတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်

၇  အောက်တိုဘာ

 

မေမေတို့ အိမ်က သားသားမီးမီးဆယ်ကျော်သက်လေးတွေကို သတိထားကြည့်ဖူးလား။ ကလေးတုန်းက သွက်သွက်လက်လက် တက်တက်ကြွကြွရှိပေမယ့် အရွယ်လေးလည်း ရောက်လာရော တစ်ခုခုကို အလိုမကျ မှုန်ကုပ်နေပြီး အမြဲတမ်း ပင်ပန်းနေတတ်တဲ့ ပုံလေးတွေ ပေါက်နေတယ်လေ။ သူတို့လေးတွေ ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့ မေးခွန်းတွေ ဘာလုပ်ပေးရင် ကောင်းမလဲဆိုတဲ့ အတွေးတွေ မေမေတိုင်းမှာ ရှိမယ်လို့ထင်ပါတယ်။  ။

 

ဆယ်ကျော်သက်လေးတွေကို ကြည့်လိုက်ရင် ဘာ့ကြောင့် ပင်ပန်းနေတဲ့ ပုံပေါက်နေတာလဲ ။ ။

 

ဆယ်ကျော်သက်လေးတွေ ဆိုတာ အရာရာပြောင်းလဲမှုကို ကြုံတွေ့ရတတ်တဲ့ အချိန်ပါ။ ကိုယ်ခန္ဓာပေါ်မှာလည်း ပြောင်းလဲမှုတွေရှိမယ်၊ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်နေမယ့်အပြင် ကျောင်းဆိုလည်း မူလတန်းကနေ အလယ်တန်း၊ အထက်ကျောင်းကို ပြောင်းရတဲ့အတွက် ကျောင်းအသစ် အပေါင်းအသင်းအသစ် ပတ်ဝန်းကျင်အသစ် အတွေ့အကြုံ အသစ်တွေနဲ့ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်နေရတဲ့အချိန်ပါ။ ဒါတွေတင်မကပါဘူး။ မေမေတို့ရဲ့ ရင်သွေးလေးတွေကို ပင်ပန်းအောင်လုပ်နေတဲ့ အခြား အချက်တွေလည်းရှိပါသေးတယ် ။ ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။

 

ကိုယ်လက်လှုပ်ရှားမှုနည်းတာကြောင့် ပင်ပန်းတဲ့ ပုံပေါက်နေတတ်ပါတယ်။

ကျောင်းနဲ့ အိမ် အိမ်နဲ့ ကျောင်း၊ ကျူရှင် ပြီးတော့ ဂိုက် ဆိုပြီး တစ်ချိန်လုံး စာထိုင်သင်နေရတဲ့သူတို့မှာ ကိုယ်လက်လှုပ်ရှားမှုတို့ လေ့ကျင့်ခန်းတို့ လုပ်ဖို့အချိန် ဘယ်မှာလဲ။ အိပ်ရာထ ကျောင်းသွား ထိုင်ပြီးစာသင် ကျောင်းပြန် ကျူရှင်တက်ထိုင်ပြီးစာသင့်  အိမ်ပြန်ရောက် ထမင်းစား ဖုန်းပွတ် စာလုပ် အိပ်ရာဝင်နဲ့ ကိုယ်လက်လှုပ်ရှား အားကစားကို အချိန်မပေးနိုင်ကြပါဘူး။ ဒီလို လှုပ်ရှားမှု များများစားစားမရှိလို့ ကလေးတွေအညောင်းမိပြီး ထိုင်းမှိုင်းနေတတ်ကြတာပါ။ ဒါ့ကြောင့် အားကစားတစ်မျိုးမျိုးကို (လမ်းလျှောက်၊ ရေကူး၊ စက်ဘီးစီး) လိုက်စားဖို့ ကလေးတွေကို အားပေးသင့်ပါတယ်။

 

 

စိတ်ဖိစီးမှုများနေလို့ လန်းဆန်းမှုတွေ ပျောက်နေတတ်ပါတယ်။  ။

 

အပျိုဖော်ဝင်ခါစ ဟော်မုန်း အပြောင်းအလဲလည်းဖြစ်တော့ စိတ်တွေလည်း မတည်ငြိမ်၊ ပြောင်းလဲမှုတွေ အများကြီးလည်း ကြုံတွေ့နေရတော့ အဲ့ဒါတွေကို နားလည်အောင် သင်ယူနေတဲ့အချိန်လည်းဖြစ်၊ ဆယ်ကျော်သက် ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလည်း လိုချင်နေတဲ့အချိန်ဆိုတော့ အိမ်နဲ့လည်း အဆင်မပြေတဲ့သူတို့လေးတွေမှာ စိတ်ဖိစီးမှုတွေများပြီး ပင်ပန်းတဲ့ရုပ်ပေါက်နေတတ်ပါတယ်။ ဒီလို အရွယ်တွေ အတင်းအကြပ် ချုပ်ချယ်ထားမယ့်အစား အထိုက်လျောက် လွတ်လပ်ခွင့်ပေးပြီး ထိန်းကျောင်းသင့်ပါတယ်။

 

အိပ်ရေးမဝတာကြောင့်လည်း ထိုင်းမှိုင်းတတ်ပါတယ်။ ။

 

သူများနည်းတူ ဖုန်းကိုင်ချင်တယ်ဆိုတော့ ဆယ်ကျော်သက်လေးပဲ ရှိသေးပေမယ့် ဖုန်းကိုင်ခွင့် ပေးထားရတဲ့ ဒီခေတ်ကြီးမှာ အင်တာနက်တွေ၊ ဂိမ်းတွေက ကလေးတွေဆီက အိပ်ချိန်တွေကို လုယူနေပါတယ်။ အိပ်ရေးမဝတဲ့ ကလေးတစ်ယောက်ဟာ ဘယ်လိုမှ လန်းလန်းဆန်းဆန်းမရှိနိုင်ပါဘူး။ ဒါ့ကြောင့် မေမေတို့ အိပ်ချိန် စားချိန် ဆော့ချိန် စာလုပ်ချိန်တွေကို ကလေးတွေအတွက် သေချာသတ်မှတ်ပေးထားသင့်ပါတယ်။

 

ရာသီသွေးဆင်းတာကလည်း ကလေးတွေကို ပင်ပန်းစေတဲ့ အချက်တစ်ခုပါ။ ။

 

ရာသီသွေးဆင်းလို့ အလုပ်ရှုပ်တာက တစ်ကြောင်း၊ ရာသီ ကြောင့် ကိုက်ခဲနေတာကတစ်ကြောင်း၊ ရာသီသွေးဆင်းခြင်းရဲ့ နောက်ဆက်တွဲ သံဓာတ်ချို့တဲ့ သွေးအားနည်းတဲ့ ဝေဒနာခံစားရတာ တစ်ကြောင်းနဲ့ မေမေ့ သမီးလေးတွေ အဲဒီ အချိန်ဆို နုန်းနေတတ်ပါတယ်။ ဒီ အချိန်မှာ ဖြစ်တတ်တဲ့ သံဓာတ်ချို့တဲ့ သွေးအားနည်း ပြဿနာကိုဖြေရှင်းဖို့အတွက် မေမေတို့ဘက်က သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ပြင်ဆင်ပေးတာမျိုး၊ သံဓာတ်ပါတဲ့ဖြည့်စွက်အားဆေး ဥပမာ Appeton က မိန်းကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ Ms Teen လို အားဆေးတွေ တိုက်ပေးတာမျိုး လုပ်သင့်ပါတယ်။

 

ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓာကိုယ်ကို စိတ်တိုင်းမကျတာကြောင့်လည်း ပင်ပန်းနေတတ်ပါတယ်။

 

သူများတွေအားလုံးက ထွားလာလှလာကြပေမယ့် ကိုယ်က ရွယ်တူတွေကြားထဲ ပုသေးညှက်နေတဲ့အခါ လှောင်ပြောင်ကြတာတွေကို မခံစားနိုင် ဘာမှလည်း ပြောလို့မရ ဒေါသထွက် အလိုမကျ ဖြစ်တတ်တာလည်း ဒီအရွယ်ပါပဲ။ ဒါ့ကြောင့် ကိုယ့်ကလေး အာဟာရပြည့်ဝပြီး ရွယ်တူတွေနဲ့ တန်းတူ ကြီးထွားစေဖို့ အစားအသောက်ပိုင်းရော၊ ဖြည့်စွက်အားဆေးအပိုင်းမှာရော မလစ်ဟင်းရလေအောင် မေမေတို့ ဂရုစိုက်သင့်ပါတယ်။ Appeton ကထုတ်တဲ့ Ms Teen ဟာဆိုရင် မေမေ့ ရင်သွေးလေးတွေ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ် ၁၈ မျိုး အပြင် ဗီတာမင်B complex ကို အဓိကထားထုတ်ထားလို့ ကိုယ်ခန္ဓာပိန်သေးညှက်နေတဲ့ ပြဿနာကို သူကဖြေရှင်းပေးမှာနော် ။ ။

 

ကဲ မေမေရဲ့ ဆယ်ကျော်သက်လေးတွေကို ပင်ပန်းစေတဲ့ ဒီအချက်တွေ ရှိတယ်ဆိုတာ သိထားမှ ကိုယ့်ကလေး ခံစားနေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာနော် ။ ။

 

ရေးသားသူ - Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”