မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၂၈ မေ 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယမန်နေ့ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၈၀ဝ၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေ ၂၇ ရက် ၃ နာရီခွဲက မောင်တောမြို့နယ် ကျီးကန်ပြင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောင်မျိုးသူ မောင်းနှင်ပြီး သက်ထွေး၊ ထွန်းရီနှင့် နိုင်နိုင်စိုးတို့ လိုက်ပါလာသည့် MITSUBISHI LANCER အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၁၇၀၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၂၀ဝ၀ဝ၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အောင်မျိုးသူ၊ သက်ထွေး၊ ထွန်းရီ၊ နိုင်နိုင်စိုးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

သတင်းစဉ်