မောင်တောမြို့နယ်၌ တရားမဝင် ရွှေများနှင့် ကုန်ပစ္စည်းများ  ငွေကျပ် သိန်း ၉၀ဝ  ကျော်ဖိုး သိမ်းဆည်းရမိ

မောင်တော   ၇  မေ

 

မောင်တောမြို့နယ်၌ အောင်ဗလကျေးရွာအနီး နတ်မြစ်ကမ်းနံဘေးတွင် မေ ၆ ရက် မွန်းလွဲ ၂ နာရီက တရားမဝင် ရွှေများနှင့် ကုန်ပစ္စည်းများ စုစုပေါင်း ငွေကျပ် သိန်း ၉၀ဝ ကျော်ဖိုး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မောင်တောမြို့ အောင်ဗလကျေးရွာအနီး နတ်မြစ်ကမ်းနံဘေးတွင် တစ်ဘက်နိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ရောက်ရှိနေကြောင်း  သတင်းအရ  တာဝန်ရှိသူများမှ သွားရောက်ရှာဖွေရာ အဝတ်အထည်များ ထည့်ထားသည့် ဆာလာအိတ် ၄ လုံးအား ပိုင်ရှင်မဲ့တွေ့ရှိရသဖြင့် စစ်ဆေးရာ ငါးဖမ်းပိုက် ၄၅ စုံ၊ တံဆိပ်မျိုးစုံ ပုဆိုးအထည် ၆၂၀ ၊ မိန်းမဝတ်အင်္ကျီအထည် ၃၀ဝ ၊ တစ်ဆယ်ကျပ်သား အကယ်ဒမီရွှေတုံး ၄ တုံး၊ လက်ကောက် ၃ ကွင်း၊ လက်စွပ် ၁၇ ကွင်း၊ ဆွဲကြိုး ၉ ကုံး၊ ဆွဲပြားနှင့် ဆွဲသီး ၁၁ ခု၊ ဟန်းချိန်း ၁ ခု၊ နားကပ် ၁၉ ရန်၊ ကလစ်အခု ၁၀ဝ ၊ MI တံဆိပ်ဖုန်း ၁ လုံး  စုစုပေါင်း တန်ဖိုးငွေကျပ် ၉၂၆၄၅၀ဝ၀ ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သက်လွင်စိုး(ပြန်/ဆက်)

 

1