မောင်တောမြို့နယ်၌ တရားမဝင် စီးကရက် ၄၆ ဖာသိမ်းဆည်းရမိ

နေပြည်တော် ၂၇  မေ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပြို-ကြိမ်ချောင်း ကာလမ်း၌ ယမန်နေ့ နံနက်ပိုင်းက တရားမဝင် စီးကရက်ဖာများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ နယ်မြေ (၃/၄) သဲချောင်းဖာရီကျေးရွာအနီးတောင်ပြို-ကြိမ်ချောင်းကားလမ်း၌ မေ ၂၆ ရက် နံနက် ၈ နာရီ၄၅ မိနစ်တွင် အမှတ်(၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် ကြိမ်ချောင်းမှ တောင်ပြိုသို့ မောင်တောမြို့နယ်၊ ရေနောက်ငါးသားကျေးရွာနေလှမောင်စိန်(၂၇)နှစ်မောင်းနှင်လာသည့် ယာဉ်အားရပ်တန့်စစ်ဆေးရာ ၁ဖာလျှင် ၅၀ တောင့်ပါ Marble တံဆိပ်စီးကရက် ၁၆ ဖာ(စုစုပေါင်းတန်ဖိုးငွေ ၃၁၂၀,ဝ၀ဝ ကျပ်) အား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းအား စစ်မေးရာဆေးလိပ်ဖာများကို ၁ ဖာလျှင် ၁၀,ဝ၀ဝ ကျပ်နှုန်း ဖြင့် ကြိမ်ချောင်းကျေးရွာနေ ဦးဇော်ထွန်း(စိစစ်ဆဲ)က မီးတိုက်ကျေးရွာနေဦးပိုးရင်နှင့် ဦးဇော်ဘော်ဂျာ တို့ထံပို့ဆောင်ခိုင်း၍ သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့ သဖြင့် လှမောင်စိန် အားတောင်ပြိုယာ နယ်မြေရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်းသိရှိရသည်။

အလားတူနံနက် ၉ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် ကြိမ်ချောင်းမှ တောင်ပြိုသို့ ကြိမ်ချောင်းကျေးရွာနေဖြိုးသန်းကျော်(၂၁)နှစ် မောင်းနှင်လာသည့် ယာဉ်အားရပ်တန့်စစ်ဆေးရာ  ၁ ဖာလျှင် ၅၀ တောင့်ပါ Marble တံဆိပ်စီးကရက် ၂၅ ဖာနှင့် Mansanတံဆိပ် စီးကရက် ၅ ဖာ၊ စုစုပေါင်း စီးကရက်ဖာ ၃၀ (စုစုပေါင်းတန်ဖိုးငွေ ၅၆၇၅၀ဝ၀ ကျပ်)အားတွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းအား စစ်မေး ရာဆေးလိပ်ဖာများအား ၁ ဖာလျှင် ၁၀ဝ၀ဝ ကျပ်နှုန်းဖြင့် ကြိမ်ချောင်းကျေးရွာနေ ဦးဇော်ထွန်း (စိစစ်ဆဲ)က မီးတိုက်ကျေးရွာနေ ဦးလှသောင်းထံပို့ဆောင်ခိုင်း၍ သယ်ဆောင်လာစဉ် ဖမ်းဆီးခံရ ခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့သဖြင့် ဖြိုးသန်းကျော်အားတောင်ပြိုယာနယ်မြေရဲစခန်း ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

MDN