မောင်တောမြို့၌ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ဝ၀ သိမ်းဆည်းရမိ

မောင်တော ၂၇ မေ  

ရခိုင်ပြည်နယ် မောင်တောမြို့၌ မေ ၂၆ ရက် ည ၈ နာရီ မိနစ် ၄၀ခန့်က မော်တော်ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ဝ၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

33

 

စရဖ(မောင်တော)မှ ဒုမှူးကြီး အောင်ဆန်းဝင်း၊ မူးယစ်တပ်ဖွဲ့စု(၄၆)မှ ရဲမှူးသောင်းမြင့် တို့ဦးစီး၍ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ  CRV ကားတစ်စီးမှာ မောင်းနှင်းထွက်ပြေးသွားသဖြင့် ပူးပေါင်းအဖွဲ့မှ လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာ ရပ်ကွက်(၅) အထွက်တွင် ပူးပေါင်းအဖွဲ့နှင့် တွေ့ရှိသဖြင့် အဆိုပါကားမှာ ဖောက်ထွက် မောင်းနှင်းသွားသောကြောင့် ထပ်မံဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ရာ ရပ်ကွက်(၂)၊ဖေဇီကျေးရွာ၊မီးစက်လမ်းကြား CRV အမျိုးအစား အဖြူ ရောင် MDY/3G----- ယာဉ်အား ရပ်တန့်လျှက်တွေ့ရှိပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ 

ဖမ်းဆီးရမိသော မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်၏ နောက်ခန်းအတွင်း အဝါရောင်ဆာလာအိတ်များဖြင့် ထည့်ထားသည့်  အဝါရောင် ဖယောင်းစက္ကူဖြင့် ပတ်ထားသော WY /R စာတမ်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား (၉၇၅၀) ပြားစီပါ၊(၁၀ဝ) ထုပ် စုစုပေါင်း ဆေးပြား ၉၇၅၀ဝ၀၊ အလေးချိန်(၉၇ ဒ ၅ ကီလို) ကီလိုအား ရှာဖွေတွေ့ရှိသဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 

သက်လွင်စိုး(ပြန်/ဆက်)