မြောင်းမြ မတ် ၄
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ဈေးများ၌ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများကို မတ် ၃ ရက် ညနေပိုင်းက ဆောင်ရွက်သည်။
ထိုသို့ စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သည့် တပ်ဖွဲ့များက စျေးတာဝန်ခံများနှင့်အတူ ဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်သည်။
မြောင်းမြ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးပေါ့ဆမှုမရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသံချဲ့စက်ဖြင့် အပတ်စဉ် လှုံ့ဆော်သတိပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)


