မော်လူးဒေသ(၉)တိုက်နယ် ဒီပင်္ကရာ ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်ပနိုင်ရေးအတွက် ပွဲတော်လုံခြုံရေး ညှိနှိုင်းဆွေးနွေး

မော်လူး  ၃၁ ဇန်နဝါရီ

 

မော်လူးဒေသ (၉)တိုက်နယ် သမိုင်းဝင် ဒီပင်္ကရာ ဗုဒ္ဓပူဇနိယပွဲတော်ကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပွဲတော်လုံခြုံရေး ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နေ့လယ် ၁၁ နာရီခွဲအချိန်က မော်လူးမြို့ အုပ်ချုပ်ရေးမှူးရုံးတွင် စည်းဝေးတိုင်ပင် ညှိနှိုင်းမှု အစည်းအဝေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ အစည်းအဝေးတွင် မော်လူးမြို့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ယခုလာမည့် မော်လူးဒေသ ၉ တိုက်နယ်၏ အစဉ်အလာမပျက်ကျင်းပလေ့ရှိသော ဒီပက်ရာဘုရားပွဲတော်တွင် ဘေးကင်းလုံခြုံစွာ ကျင်းပနိုင်ရန် ပွဲတော်လုံခြုံရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

 

8520963.

 

ပွဲတော်ကာလမှာ ဇန်နဝါရီ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်သည့်အတွက် ယခင်နှစ်များအတွင်း ကျင်းပပြုခဲ့သော လုံခြုံရေးဆောင်ရွက်မှုများ၏ အားနည်းချက် အားသာချက် ရလဒ်များကို သင်ခန်းစာယူ၍ ယခုနှစ်တွင် ခိုက်ရန်ဖြစ်ပွားမှုလျော့နည်း နိုင်စေရန်နှင့် ခိုးဆိုးတိုက်ခိုက် လုယက်မှုများ ကင်းစင်ပပျောက်နိုင်စေရန်တို့ကို လိုအပ်ကြောင်း မော်လူးမြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောကြားခဲ့သည်။

 

အဆိုပါ အစည်းအဝေးသို့ မော်လူးမြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ မော်လူးမြို့ ပေါ်ရပ်ကွက် (၆) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ မော်လူးဒေသ(၉)တိုက်နယ် အသီးသီးမှ အုပ်ချုပ် ရေးမှူးများနှင့် ရာအိမ်မှူးများ၊ မော်လူးမြို့မီးသတ်ဦးစီးမှူးနှင့် ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသအသီးသီးမှ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များနှင့် ပွဲတော်လုံခြုံရေးအတွက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

နီတိုး