မော်လမြိုင်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲ ကျင်းပ

မော်လမြိုင် အောက်တိုဘာ  ၁၉

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နိုင်ငံတကာ၌ အသုံးပြုလျက်ရှိသည့် ခေတ်မီအခြေခံ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများအား ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နှင့် အခြေခံရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို လက်တွေ့လေ့ကျင့် သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ပြည်နယ်ခန်းမတွင် ဖွင့်လှစ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

 

သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ် ၀န်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပြည်နယ်၀န်ကြီးချုပ်နှင့် ၀န်ကြီးများက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ မီးသတ်ဦးစီးဌာနက ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)